ဘိုကလေးမြို့နယ်အခြေစိုက် ဧရာဝတီဒေါက်တာ နယ်လှည့်ရေပေါ်ဆေးခန်းတွင် အခမဲ့ဆေးဝါးကုသပေးမည်

ဘိုကလေး  ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံ-ဘိုကလေးကားလမ်း၊ နတ်ချောင်းတံတားအနီးတွင် ဖွင့်လှစ်ထားရှိသည့် ဘိုကလေးမြို့နယ်အခြေစိုက် ဧရာဝတီ ဒေါက်တာ နယ်လှည့်ရေပေါ်ဆေးခန်းတွင် ဘိုကလေးမြို့နယ်အတွင်းမှ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလိုသည့်မိဘပြည်သူများအား ယနေ့ ဇွန်(၁)ရက်နေ့မှ စတင်၍ ဇွန်(၁၀)ရက်နေ့ထိ (၁၀)ရက်ကြာ အခမဲ့ဆေးကုသ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

ကုသဆောင်ရွက်ရာတွင် ကျွမ်းကျင်ဆရာဝန်များမှ နံနက်(၈)နာရီမှ (၁၂)နာရီထိ တစ်ကြိမ်၊ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီထိ တစ်ကြိမ် အထွေထွေရောဂါများ၊ သွားဘက်ဆိုင်ရာရောဂါများအား အဓိကထား၍ ကုသဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အရေးပေါ်လူနာများအား (၂၄)နာရီ အချိန်ပြည့် ကြည့်ရှုကုသဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)