တပ်ကုန်း ဇွန် ၁
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအတွက် ဆရာစံရပ်ကွက်၊ မဟာဇနကကျောင်းတိုက်ရှိ မဟာဇနကဗိမာန်တော်နှင့် မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်တို့ တွင် စာဖြေဌာနဖွင့်လှစ်ကာ ယနေ့မွန်းတည့် ၁၂နာရီ က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရဟန်း၊ သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ စတင်ဖြေဆိုကြောင်း သိရ သည်။
တပ်ကုန်းမြို့ စာဖြေဌာနတွင် စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူသည့် ရဟန်း၊သံဃာ၊ သီလရှင် စုစုပေါင်း(၁၆၀)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ပြည်သူ စေတနာရှင်များက စာမေးပွဲကြီးကြပ်ဆရာတော် (၂၀)ပါးကို ဆွမ်း၊ ဘောစဉ်များ ဆက်ကပ်လှူဒါန်း ခဲ့ပြီး၊ ဓမ္မာစရိယစာမေးပွဲဖြေဆိုတော်မူသည့် ရဟန်း၊ သံဃာ၊ သီလရှင်များအား နေဆွမ်းအတွက် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ကျန်စာဖြေရက်များတွင်လည်း ဗိုလ်မင်းရောင်၊ ဘုရင့်နောင်၊ အောင်ဇေယျ၊ ဆရာစံ၊ အနော်ရထာရပ်ကွက်များနှင့် မြို့နယ်ဌာနဆိုင်ရာများ က ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)