ဝိုင်းမော် ဇွန် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် ၈ နာရီခွဲတွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၁၀)ကျောင်း၊ မူလတန်းလွန်ကျောင်း (၈)ကျောင်း၊ မူလတန်းကျောင်း(၅၆)ကျောင်း၊ မူလတန်း-ခွဲ(၃)ကျောင်းတွင် ကျောင်းသား၊ကျောင်းသူပေါင်း (၂၈၈၉)ဦးရှိပြီး ပညာသင်ကြားရာတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ အေးချမ်းစွာပညာသင်ကြား လျက်ရှိကြောင်းနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝိုင်းမော်(ပြန်/ဆက်)