နမ္မတူမြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

နမ္မတူ    ဇွန် 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ယနေ့ နံနက် ()နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးဉာဏ်ထက်နိုင်နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား လျှပ်စစ်ဝါယာကြိုး စနစ်တကျ သွယ်တန်း ထားရှိမှုနှင့် မီးခလုတ်စနစ်တကျ တပ်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ မီးသတ်ပစ္စည်း ကိရိယာများဖြစ်သည့် မီးသတ်ဆေးဘူးများ၊ အပေါ့စားမီးသတ်စက်များ၊ အရေးပေါ် မီးသတ်ရေငုတ်နှင့် မီးလှန့်အချက်ပေးကိရိယာ တပ်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေ များအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)