နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးစပါး GAP စနစ်ဖြင့် စိုက်ပျိုးရန် မြေနမူနာ ယူခြင်း ကွင်းဆင်းဆောင်ရွက်

ထန်ပါခွေ   ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး GAP စနစ်ဖြင့် စိုက်ပျိုး‌ရေးအတွက် ထန်ပါခွေမြို့နှင့် လန်းနောက်ကျေးရွာ၌ မြေနမူနာယူခြင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နာဂဒေသ ထန်ပါခွေမြို့တွင် လယ်စပါး (၁၈၀) ဧကစိုက်ပျိုးရာ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ နှစ်၌  လမ်းနောက်ကျေးရွာတွင် တောင်သူ(၄)ဦးမှ မှော်ဘီ-၂ စပါးမျိုးဖြင့် (၁၀)ဧကနှင့် ထန်ပါခွေမြို့တွင် တောင်သူ(၄)ဦးမှ ထိုင်းနှံကောက်စပါးမျိုးဖြင့် (၁၀)ဧက လျာထားစိုက်ပျိူး ထုတ်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြေနမူနာထုပ်များအား အထက်မြန်မာပြည် မြေအသုံးချရေး ဓါတ်ခွဲခန်းသို့ Heavy metal များပါဝင်မှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးထံမှ သိရသည်။

ဟန်ထွန်း(အင်းဝ)