တနိုင်း ဇွန် ၁
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက်(၈)နာရီခွဲမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆရာ/ဆရာမ များက ကျောင်းဝင်ပေါက်တွင် အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းနှင့် Face Shield များတပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်းများ ပြုလုပ်ပြီးနောက် ကျောင်းသို့စနစ်တကျ တန်းစီပြီး အတန်းလိုက် ဝင်စေကာ၊ စာသင်ခန်း တွင်း၌လည်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးဖြင့် သတ်မှတ်ပြီးဖွင့်လှစ် သင်ကြားပေး လျက်ရှိ ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား မိဘကော်မတီဝင်များက ကျောင်းဝင်းအတွင်းနှင့်အပြင် လုံခြံရေးများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်