ဘားအံ ဇွန် ၁
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅) ဦးဇော်ဝင်းသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ဦး လိုက်ပါလျက် ဘားအံမြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကမော့ကစင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းများတွင် ပညာသင်ကြားနေမှုနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား သွားရောက်ကြည့်ရှု အားပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမရှိစေရေး ကျန်းမာရေးဝန်ကြီး ဌာနလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု အခြေအနေနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံကျောင်းများကို မေလ(၂၄)ရက်မှ(၃၁)ရက်နေ့အထိ ကျောင်းအပ် လက်ခဲ့ပြီး ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြာခြင်းဖြစ်ကြောင်း၊ ဘားအံမြို့နယ်အတွင်း မြို့ပေါ်နှင့် ကျေးရွာများတွင် ကျောင်းဖွင့်လှစ်နိုင်မှုမှာ အခြေခံပညာ အထက်တန်းကျောင်း (၃၂)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) (၂၄)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၅)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၁၀) ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(၇၀)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၂)ကျောင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သေးသည့် ကျောင်းပေါင်း(၂၈၆)ကျောင်းရှိကြောင်း သိရသည်။
နေမျိုးလွင် (ဘားအံ)