ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဇွန် ၃
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့ သည်။
 
အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်များက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ချစ်နှင်းသုန်(ပြန်/ဆက်)