ရေးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရေး    ဇွန်   ၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ အသက် ()နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးဆေးခန်း ၌ပြုလုပ်သည်။

 

 

 

အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက်()နှစ် အောက်ကလေးများအား အသည်းရောင်အသားဝါ(ဘီ) ၊ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက် အရွယ်အလိုက် မြို့ပေါ်နှင့်ကျေးရွာများတွင် သက်ဆိုင်ရာနယ်မြေတာဝန်ခံ ကျန်းမာရေး ဝန်ထမ်း များနှင့်အတူ ပူးပေါင်းပြီး ထိုးနှံပေးလျက်ရှိသည်။

 

 

 

ကိုယ်ဝန်ဆောင်မိခင်များ၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးမထိုးရ သေးသည့် ကလေးငယ်များကိုလည်း ပြန်လည်အစားထိုး ထိုးနှံပေးလျက်ရှိကြောင်း အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်အေးအေးမွန် ထံမှ သိရသည်။

 

 

 

မြို့နယ် (ပြန်/ဆက်)