မိတ္ထီလာ ဇွန် ၃ မိတ္ထီလာမြို့တွင် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ကျင်းပကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက အမှာစကား ပြောကြားသည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်က မြို့နယ်အတွင်း ကျောင်းအပ်နှံရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် သက်ဆိုင်ရာကျောင်းအုပ်များထံသို့ ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ ကိုဗစ်၁၉ရောဂါကာကွယ် ရေး အထောက်အကူ ပစ္စည်းများဖြစ်သည့် အပူချိန်တိုင်းကိရိယာများ၊ မျက်နှာခေါင်းစည်းများနှင့် Face shield များကို ခေတ္တခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းမင်းထွန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး နှင့် တာဝန်ရှိသူများက ပေးအပ် ခဲ့ကြောင်း သိရသည်။ ချမ်းသာ