သရက်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

 

သရက် ဇွန် ၃

 

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ပြည်တော်အေးရပ်ကွက်ရုံးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများမှ ယနေ့နံနက်(၈)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၂)နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါမှ ကာကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေရန်အတွက်အသိပညာပေးခြင်းနှင့် အသည်းရောင်အသားဝါ ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးတို့ကို  အသက် အပိုင်းအခြားအလိုက်ဆေးထိုးနှံခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသောအသက်အရွယ်များတွင် ဆေးထိုး ဆေးတိုက် ပေးနိုင်မှသာလျှင် ကလေးငယ်များရောဂါကင်းဝေးနိုင်မည်ဖြစ်သည့်အတွက် မပျက်မကွက် ပုံမှန် ကာကွယ်ဆေးများထိုးနှံသွားရန်လိုအပ်ကြောင်း ပြည်တော်အေးရပ်ကွက်မှ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမထံမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)