ရေတာရှည်မြို့နယ်တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ငွေပေးအပ်

ရေတာရှည် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျွဲရိုင်းပြင် ကျေးရွာအုပ်စု ရေလွှဲကျေးရွာတွင် ဇွန်လ ၁ ရက်နေ့က မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ယမန်နေ့ ညနေ ၄ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူဟန်က ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း က မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ငွေကျပ် သုံးသိန်းအား ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)