ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ပန်းတောင်း ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁:၀၀ အချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရမှ ပြောကြားရာတွင် "ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်းပုံသဏ္ဍန်ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥသျှစ်ပင်လမ်းဆုံ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အား ယနေ့ နံနက် ၆ နာရီမှ ည၈နာရီထိ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၊ စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ရာတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားသွားပါသည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဥသျှစ်ပင်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး