သတင်းများ

ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဇွန်လ ၁၄ ရက်နေ့မှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ထားရှိ
Jun 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့အဝင်ဂိတ်နှင့် မူးမြစ်ကူးတံတားဂိတ်တို့တွင် ပြန်လည်ဆောင်ရွက်လျက် ရှိသည်။
ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊  ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်များ ရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရေးသားသော "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ "ဆောင်းပါးအခန်း(၃)/(၄)/(၅)ကို ဒုတိယပတ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်တွင်(ညမထွက်ရ)အမိန့်ပုဒ်မ ၁၄၄ အား ည(၁၀)နာရီမှနံနက်(၄)နာရီထိပြောင်းလဲ ထုတ်ပြန်
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (အမိန့် အမှတ် ၇ /၂ဝ၂၁ ) ရာဇဝတ် ကျင့်ထုံးဥပဒေအရ ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ကို ယခင်က သတ်မှတ်ထားရှိသည့် ည(၈)နာရီမှ နံနက်(၄) နာရီ အစား ယမန်နေ့ ဇွန်လ(၁၇)ရက်ရက်စွဲဖြင့် ည(၁၀) နာရီမှနံနက်(၄) နာရီချိန်ထိ ပြောင်းလဲ သတ်မှတ်၍ ထုတ်ပြန်ထားကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် " မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြောက်ဥက္ကလာပမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ်ကျင်းပသော " မူးယစ်ဆေးဝါး အန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့၊ ပြည်ခြားကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jun 18,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မီးသတ် ဦးစီးဌာန မှ ပြည်သူများ မီးဘေး အန္တရာယ် ကင်းဝေးစေရန် အတွက်ယနေ့ နံနက်(၁၀)နာရီအချိန်က မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ် ဦးစီးမှူး ဦးခင်အောင်ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ် ကွက်များရှိ စက်သုံးဆီ အရောင်း ဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ နှင့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက် ထားမှုရှိ/မရှိ တို့ကို ကွင်း ဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။