တန့်ယန်း ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့်ပူးပေါင်းကာ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးကို ရည်ရွယ်ပြီး အိမ်အပြင်ထွက် သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တတ်ဆင်သွားလာရန်အတွက် Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign အား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းရှေ့နှင့် အမှတ်(၃)ရပ်ကွက်ရှိ ပျံကျစျေးတို့တွင် Mask (၁၀၀၀)ခုကို ကျောင်းသား ကျောင်းသူများ၊ စျေးရောင်းချနေသူများနှင့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)