ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း) Sub project များအား ကွင်းဆင်းစစ်ဆေး

ရွှေကျင် ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) Sub project များအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဝင်းခနိမ်ကျေးရွာအုပ်စု၊ ဝင်းခနိမ်(ရွာမ) ကျေးရွာ ခွင့်ပြုရန်ပုံငွေ (၃၂)သန်း၊ အတိုင်းအတာ (2300'x10'x8") ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသို့ ရွှေကျင်မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက မြေပြင်အထိ ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားပေးခဲ့ကြောင်း သိရှိရသည်။ ထွန်းထွန်းဇော်