သတင်းများ

“အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့”အကြို အသိပညာပေးဟောပြောပွဲ(Talk Show)ကျင်းပ
Jun 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဇွန်လ ၂၆ရက်နေ့တွင်ကြရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အကြို အသိပညာပေးဟောပြောပွဲ(Talk Show)ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပြုလုပ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အဆိုပြုလွှာလျာထားချက် ရှင်းလင်းခြင်းနှင့် မီနီဘတ်ဂျက် ရေးဆွဲခြင်း ညှိနှိုင်းဆွေးနွေး
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေဆုံကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အဆိုပြုလွာလျာထား ချက်ရှင်းလင်းခြင်းနှင့် မီနီဘတ် ဂျက်ရေးဆွဲခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 22,2021
ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရန်၊ မိုးရာသီကာလအတွင်း ရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ် ကွေး​ရောဂါ ကာကွယ်ပြီးသားဖြစ်စေရန်၊ ​ကိုဗစ် - ၁၉ရောဂါတတိယလှိုင်း ဖြစ်ပေါ် လာပြီဖြစ်သည့်အတွက် Isolation ကို ပြင်ဆင်၍ လူနာများကို ထားရှိပြီး ကုသနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ် မှုဖြင့် ဌာနဆိုင်ရာများက ယမန်နေ့ ညနေ ၃ နာရီခွဲ က ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) နှင့်ဒိုက်ဦး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)နှင့် ဒိုက်ဦး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအချက် အလက်များနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး ရေးလုပ်ငန်း နှောက်ယှက်မှုများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
ဖျာပုံမြို့၌(၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဖျာပုံမြို့တိုက်သစ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်လျက် ရှိကြောင်း  သိရသည်။
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ မြတ်စေတနာဆေးခန်းမှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် နှာခေါင်းစည်း Mask များ လာရောက်လှူဒါန်း
Jun 22,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဗဟန်း) Community Centre သို့ ယမန်နေ့နံနက်ပိုင်းက မြတ်စေတနာဆေးခန်းမှ ဒေါက်တာဇေသူအောင်က ကျန်းမာရေးအထာက်အကူပြုပစ္စည်းများဖြစ်သည့်
ဒိုက်ဦးမြို့နယ် အမှတ် (၆)မင်းတဲရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 22,2021
နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ်-၆ မင်းတဲရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
လေးမျက်နှာမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထွန်ယက်ထည့်သွင်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်  စိုက်ပျိူးရေးဦးစီးဌာနမှ  ၂၀၂၁ခုနှစ် မိုးစပါးရာသီ  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထွန်ယက် ထည့်သွင်းခြင်း  တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို  စာရေးကွင်းကျေးရွာအုပ်စု၊  ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်(၃၁/၁) တောင်သူ ဦးသိန်းထွန်း၏  လယ်မြေတွင် ဆောင်ရွက် ခဲ့သည်။