မိုင်းယု ဇွန် ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဇွန်လ ၂၆ရက်နေ့တွင်ကြရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အကြို အသိပညာပေးဟောပြောပွဲ(Talk Show)ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲ(Talk Show)တွင် နယ်မြေခံရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ဇော်မင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေများအကြောင်းကိုလည်းကောင်း၊မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးခွန်အာကာထွန်းက မူးယစ်ဆေးဝါး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အပြောင်းအလဲပြုလုပ်ရန် အရေးယူဆောင်ရွက်နိုင်သည့် အဓိက နယ်ပယ်ကဏ္ဍ(၅)ခုအကြောင်းလည်းကောင်း ဟောပြောကြသည်။
ယင်းနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က အရက်၊ မူးယစ်ဆေးဝါး စွဲလန်းမှုကြောင့် သင့်မိသားစုအတွင်းရရှိနိုင်မည့် ဆိုးကျိုးများအကြောင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းက အိုက်စ်/မက်သာအပ်ဖက်သမင်းစိတ်ကြွဆေး အကြောင်းကို လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ ကြပြီးနောက် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းနှင့် အဆိုပါရုံးရှေ့တွင် ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဖြင့် ပြသထားသည့် နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)