ဖျာပုံမြို့၌(၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကျင်းပ

ဖျာပုံ   ဇွန်     ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော (၂၈)ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲဖြေဆိုခြင်းကို  ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဖျာပုံမြို့တိုက်သစ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်လျက် ရှိကြောင်း  သိရသည်။

အဆိုပါအစိုးရနိကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အစိုးရနိကာယ်စာမေးပွဲတွင် ရဟန်းသာမဏေ(၇၄)ပါး၊သီလရှင်(၁၂)ပါး စုစုပေါင်း(၈၆)ပါး ဝင်ရောက် ဖြေဆိုတော်မူကြကြောင်း ဖျာပုံခရိုင်သာသနာရေးဦးစီးဌာနမှသိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်၊ပြန်/ဆက်)