သတင်းများ

မီးသတ်ဦးစီးဌာန​၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး နှိုးဆော်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မီးသတ်ဉီးစီးဌာနရှေ့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနရှေ့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေ့စဉ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအား တက်ရောက် ဖွင့်လှစ်ခဲ့သည်။
မိုင်းယောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်
Jun 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ကျင်းပ
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန် (ဗြဟ္မဝိဟာရ(၄)ထပ်ဆောင်) ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်သာသနာရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်သံဃာနာယကဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ၂၀၂၁ ခုနှစ်၊ (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ပုသိမ်မြို့တွင်းရှိ စားသောက်ဆိုင်၊ လ္ဘက်ရည် ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်း
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအတိုင်း စည်းကမ်းတကျစျေးရောင်းချ ကြစေခြင်းအလို့ငှာ မြို့ပေါ်ရပ်ကွက်အသီးသီးမှ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များကိုခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Jun 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး (မြေတူးယာဉ်) ဖြင့် ချောင်း(၂)ချောင်းအား တူးဖော်ဆောင်ရွက်သွားမည်
Jun 22,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အားထားရသော ဘုရားကိုင်ချောင်းနှင့် မြိတ်တောင်ချောင်းတို့အား တိမ်ကောမှုမရှိစေရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကုန်း/ရေနှစ်တန် သွားဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ရန်ပုံငွေများလျာထားပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 22,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ပိုင်းက လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။