မင်းလှ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေဆုံကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အဆိုပြုလွာလျာထား ချက်ရှင်းလင်းခြင်းနှင့် မီနီဘတ် ဂျက်ရေးဆွဲခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်း ညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်ကို ဧပြီလ(၁)ရက်နေ့မှ မတ်လ(၃၁)ရက် နေ့ထိပြောင်းလဲပြင်ဆင် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ်သစ်အလိုက် လိုက်လျောညီထွေဖြစ်စေရန် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊တိုင်းဒေသကြီး/ ပြည်နယ် ဒေသန္တရစီမံကိန်းကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ် လ (၃၁)ရက်နေ့ထိ(၆) လအတွက်ပြုစုရေးဆွဲရန် လိုအပ်ကြောင်း ပြောကြားသည်။
မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ဌေးဌေးပြုံးက ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းဒေ သကြီး/ ပြည်နယ် ဒေသန္တရစီမံကိန်းကို (၆)လအတွင်း တည်ဆောက်ရေးလုပ်ငန်းများအမှန်တကယ်အ ကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ရည်မှန်းချက်များကို ရှင်းလင်းချက်များနှင့် အတူ ဖြည့်စွက်ပြုစု၍ အချိန်မှီ ပေးပို့ရန် ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ ဌာနများက လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ