ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) နှင့်ဒိုက်ဦး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ဒိုက်ဦး ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)နှင့် ဒိုက်ဦး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအချက် အလက်များနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး ရေးလုပ်ငန်း နှောက်ယှက်မှုများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ မိတ်ဆက်ခြင်းနှင့် တင်ပြခြင်း အစီအစဉ်ကျင်းပပြီးနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)မှ လို အပ်သည်များ လမ်းညွှန်မှာကြားပြီး တွေ့ဆုံပွဲအခမ်းအနား ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။