သတင်းများ

ညောင်လေးပင်မြို့နယ်၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့မိမြို့ဖများ တွေ့ဆုံပွဲကျင်းပ
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂)နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ကဝမြို့နယ် လူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Jun 22,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကဝမြို့နယ် ပြည်သူလူထုတို့ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၃၀)နာရီတွင် ကဝမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jun 22,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ပုဗ္ဗသီရိမြို့နယ်ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
ဗန်းမော်ခရိုင်အတွင်း၌ "ပန်းခင်း"စီမံချက်အား လုပ်ငန်းအဆင်ပြေဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်းလင်း ဆွေးနွေးပွဲကျင်းပ
Jun 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ "ပန်းခင်း"စီမံချက်အား လုပ်ငန်းအဆင်ပြေ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနမှ ဦးဝင်းရဲထွန်းနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုနှင့် သံသယရှိသူများ ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jun 22,2021
၂၀၂၁ ခုနှစ် ဇွန်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို တောင်တွင်းကြီးမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ လိုက်လံဝေငှ
Jun 22,2021
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီးမှူး ဒေါ်သူဇာစိုးနှင့် ဝန်ထမ်းများသည် မင်းဘူးဈေး၊ စာသင်ကျောင်းများနှင့် လူအသွားအလာများသည့် နေရာများတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အများပြည်သူ သိရှိစေရန် လိုက်လံဝေငှလျက်ရှိကြောင်း သိရသည်။