ကော့ကရိတ် ဇွန် ၂၂
ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရန်၊ မိုးရာသီကာလအတွင်း ရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်စေရန်၊ ကိုဗစ် - ၁၉ရောဂါတတိယလှိုင်း ဖြစ်ပေါ် လာပြီဖြစ်သည့်အတွက် Isolation ကို ပြင်ဆင်၍ လူနာများကို ထားရှိပြီး ကုသနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ် မှုဖြင့် ဌာနဆိုင်ရာများက ယမန်နေ့ ညနေ ၃ နာရီခွဲ က ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်သော ဝန်ထမ်း(၂၀)ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ဌေးဆွေ ဦးဆောင် သော ရဲတပ်ဖွဲ့ဝင်(၁၅)ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ထွန်းထွန်းဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးတင့်ထူး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဖြိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးဆောင်သော ဝန်ထမ်း(၂၀)ဦးတို့က ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အမှိုက်သရိုက်များ၊ မြက်ပင်၊ ပေါင်းပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် အဆိုပါအမှိုက်များကို စည်ပင်အမှိုက်သိမ်း ယာဉ်ဖြင့် သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)