သတင်းများ

မိုးမောက်မြို့ ၌ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Jun 22,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုးမောက်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း" စီမံချက်ဖြင့် ခါနန်ရပ်ကွက် အတွင်း ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်(၆၆)ကတ်ကို ခါနန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဇွန်လ(၂၁)ရက်နေ့နံနက်(၁၀)နာရီက ပေးအပ်ပွဲ  ကျင်းပခဲ့ပါသည်။
ကျွန်းစုမြို့၊ မြို့မရဲစခန်းရှိ အကျဉ်းသား (၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ
Jun 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့မရဲစခန်း၌ ထားရှိသော အကျဉ်းသား အမျိုးသား (၂၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid (RDT)ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား(၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထွန်ယက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တိရစ္ဆာန်အစားအစာ ရရှိရေး သင်တန်းများဖွင့်လှစ် 
Jun 22,2021
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထွန်ယက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တိရစ္ဆာန်အစားအစာ ရရှိရေးသင်တန်း ကို ယမန်နေ့ နံနက် ၉ နာရီက ပေါက်မြို့နယ် ငမိုးကြီးကျေးရွာ၌ ကျင်းပသည်။ 
နောင်တရားမြို့၌ ဝန်ထမ်း သား၊သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
Jun 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နောင်တရားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း သား၊ သမီးများကို ယနေ့နံနက်ပိုင်းတွင် ပညာသင်ထောက်ပံ့ ကြေးပေးအပ်သည်။
တွံတေးမြို့နယ်၌ အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်
Jun 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။
ဝန်းသိုမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2021
၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၀၂) ညောင်ပင်သာ ကွင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့ နံနက်(၉)နာရီအချိန်က အထကကျောင်းနှင့် စျေးများ၊ လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။