သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး

သီပေါ   ဇွန်  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လအတွက် ပင်စင်လစာငွေများကို ဇွန်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါရက်များတွင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိပါက ဇူလိုင်လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်သည်။

သီပေါမြို့နယ်တွင်အငြိမ်းစား ပင်စင်ထုတ်ယူသူ ဦးရေ (၁၂၃၃) ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာမှ ပြောကြားခဲ့သည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)