လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ   ဇွန်   ၂၂

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ပိုင်းက လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ် ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပြည်သူများ ပူးပေါင်း ပါဝင်ဖို့လို စသည့် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာဖြစ်သော အမှတ်(၃) မူလွန်ကျောင်း၊ဈေး၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)