ဟိုပန် ဇွန် ၂၃
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့မအားကစားကွင်းရှိ မိုးလုံလေလုံအဆောက်အဦတွင် ပြုလုပ်ထားသည့် Quarantine Centre အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှကြီးကြပ်ကာ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမရှိစေရေး ရောဂါဖြစ်ပါပွားရာဒေသမှ ပြန်လာသူများနှင့် မြို့နယ်ပြင်ပသို့ ညအိပ်ခရီးထွက်ခွာ သွားလာသူများကို အဆိုပါ Quarantine Centre တွင် ထားရှိမည်ဖြစ်ပြီး မိုးလုံလေလုံအဆောက်အဦး၌ ကုတင်အလုံး(၂၀)နှင့် ပွဲကြည့်စင်အောက်ရှိ အခန်းများတွင် ကုတင်(၁၀)လုံး၊ စုစုပေါင်းကုတင်(၃၀)ဖြင့် ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းနိုင်လင်း (ခရိုင်ပြန်/ဆက်)