ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် Book Club တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ဇီးကုန်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ(K ပေါ)၏ “နှလုံးရည်ရာအထောင်နဲ” စာအုပ်ပါ အကြောင်းအရာများအား  စာပေချစ်မြတ်နိုးသူများ အဖွဲ့ခေါင်းဆောင် ဦးတင်မောင်ဝင်းမှ ဦးဆောင်ဆွေးနွေးပြီး ကျန်အဖွဲ့ဝင်များမှ စာဖတ်ခြင်းဖြင့် နှလုံးရည် တိုးတက်လာပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ပိုမိုကောင်းမွန်လာအောင် စွမ်းဆောင်ပေးသော ပုဂ္ဂိုလ်များအကြောင်း ကို မိမိတို့၏ အတွေးအမြင် ဗဟုသုတများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ