ကွတ်ခိုင် ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အမှတ်(၅)ရပ်ကွက် ကေဝလမာန်အောင် သျှမ်းကျောင်းတွင် (၁၇)ကြိမ်မြောက် ကွတ်ခိုင်မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟ ပရိယတ္တိစာပြန်/ စာမေးပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
(၁၇)ကြိမ်မြောက် ကွတ်ခိုင်မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟပရိယတ္တိ စာပြန်/စာမေး ပွဲတော်ကို ဝိနယဓမ္မာနုဂ္ဂဟ စာပြန်/စာမေးပွဲတော်ဖြစ်မြောက်ရေး ဆရာတော်များက ကြီးမှူးကျင်းပခဲ့ရာ သံဃာတော်(၁၂၇)ပါး၊ သီလရှင်(၁၉)ပါး၊ စုစုပေါင်း(၁၄၆)ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ ကြီးကြပ်ဆရာတော်ကြီးများနှင့် တာဝန်ရှိဆရာတော်၊ သံဃာတော်များကလည်း ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကွတ်ခိုင်မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟပရိယတ္တိ စာပြန်/စာမေးပွဲတော်ကို ဇွန်လ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့ထိ နေ့စဉ်နံနက်(၈)နာရီ (၃၀) မိနစ်မှ ညနေ(၄)နာရီအထိ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဌေးဌေး