သတင်းများ

သုံးခွမြို့၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဌာနဆိုင်ရာများ လ၀က်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌(COVID-19) ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌မှူး ဒေါက်တာဇော်၀င်းသန်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အဝေးပြေးကားများ၌ လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗွီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ကားမှန်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၇၉၁ ဦးအား သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့
Mar 18,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်၊ ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှသိရသည်။
ဘားအံမြို့ပေါ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေးပိုစတာများကပ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 18,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးကြြပီး မြို့ပေါ်လူစည်ကားရာ (၅)နေရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်မျာ ဖြန့်ဝေပေးကာ ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Mar 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ Eco/Bio ဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကြီးကြပ်ရေးမှူး၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၆၄၈ ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းထောက်ပံ့ပေးခဲ့သည် ။
ကျောက်ပန်းတောင်းပြန်/ဆက်တွင် (COVID -19)ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ (COVID-19)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပညာပေးစာစောင်များကပ်ခြင်းနှင့် စာကြည့်တိုက်လာသူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေ များကိုလည်း အစဉ်သင့်ထားရှိပေးထားကြောင်းသိရသည်။
နမ့်ဆန်မြို့၌ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းဆောင်ရွက်
Mar 18,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက တရုတ် ဘာသာစကားစာသင်ကျောင်း၌ ပြုလုပ် ဆောင်ရွက်သည်။