သတင်းများ

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၄) ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ သည်။
ဆားလင်းကြီးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၆၂၀ ဦးအား လူမှုရေး ပင်စင် ထောက်ပံ့ကြေးများပေးအပ်
Mar 17,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်​​ရေးနှင့်ပြန်လည်​​​နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငေွများ ပေးအပ် လျက်ရှိရာ ဆားလင်းကြီးမြို့နယ်တွင် မတ် ၁၃ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၄၂)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်​ပံ့​ငေွများကို ပေးအပ် ခဲ့ကြောင်းသိရသည်။
MRCCI အသင်းမှ ဦးဆောင်၍ ဆန်နှင့် ကြက်ဥများအား သက်သာသော စျေးနှုန်းဖြင့် မန္တလေး မြို့တွင်း လှည့်လည် ရောင်းချပေးမည်
Mar 17,2020
COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေငြာခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် လုပ်ငန်းရှင်များ အသင်း (MRCCI) မှ ဦးဆောင်၍ ညီနောင် စီးပွားရေးဆိုင်ရာ အသင်း အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် Covid -19 နှင့် ပတ်သက်၍ ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများကြောင့် အခြေခံ စားသောက်ကုန်များ ဝယ်ယူ စုဆောင်း လျက်ရှိရာ ကုန်စျေးနှုန်း မြင့်တက်မှုများ မရှိစေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူ များ စိုးရိမ်မှုများ မရှိစေရေးတို့အတွက် အခြေခံ စားသောက် ကုန်များဖြစ်သော ဆန်နှင့် ကြက်ဥများအား မန္တလေးမြို့တွင်းသို့ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့က အဆိုပါ အသင်းရုံး၌ ကျင်းပပြုလုပ်သော အစည်းအဝေးမှ သိရသည်။
ကြံခင်းမြို့တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် (ပထမအကြိမ်) ၅၀ ရာခိုင်နှုန်း ထုတ်ပေးခြင်း အခမ်း အနား ကျင်းပ
Mar 17,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထာင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် (ပထမအကြိမ်) ၅၀ ရာခိုင်နှုန်း ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် လက်ပံချီပေါ်ကျေးရွာ၌ ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် ဦးစီးမှူး ဒေါ်မြင့်မြင့်မော်နှင့် ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီအချိန်က ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာအုပ်စု၊ လက်ပံချီပေါ် ကျေးရွာသို့သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် အာဖရိကအပြင်ဖျား ဝက်ရောဂါ အသိပညာပေး ဟောပြော
Mar 17,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှု မရှိစေရေးအတွက် သောက်ရေ ၁၈၀၀ ဂါလံ သွားရောက် လှူဒါန်းပေး
Mar 17,2020
နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ထီဟန်ထွိုင်းကျေးရွာနှင့် လိုက်တနျားကျေးရွာသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့် သောက်ရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာအရောက် သောက်ရေများ သွားရောက် လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ (Covid-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 16,2020
အသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid-19) အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် အဆိုပါရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။