သတင်းများ

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန် လုပ်ဆောင်ရမည့် မြေစိုက်ပိုစတာစိုက်ထူ
Jul 01,2021
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှကာကွယ်ရန် မပျက်မကွက် လုပ်​ဆောင်ရမည့် အဓိက သတင်း စကား ၁၂ ချက်ပါ မြေစိုက်ပိုစတာကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့မစျေးကြီးရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့တွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးများထည့်ခြင်း ဆောင်ရွက်
Jul 01,2021
မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများ ပြည်သူသုံးရေတွင်း ရေကန်များနှင့် နေအိမ်များသို့ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများ ထည့်ပေးခြင်းကို ယနေ့နံနက်ပိုင်း က လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေးဗီနိုင်းပိုစတာများထားရှိ
Jul 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ် ဂိတ်များ၊ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက် မိုးလုံလေလုံအားကစားခန်းမတွင် ဖွင့်လှစ်မည့် Quarantine Centre သို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jul 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ ရွှေပေါက်ကံရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိရန် ဖွင့်လှစ်မည့် Quarantine Centre သို့ ယမန်နေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သမဝါယမအကြောင်း  အသိပညာပေး Talk Show ဆောင်ရွက်
Jul 01,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင်  ၂၀၂၁ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ ပူးပေါင်း၍ သမဝါယမအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေး ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့် ဆောင်ရွက်
Jul 01,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေး ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉‌ စောင့်ကြည့်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးတွေ့ရှိ 
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၀) ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။ 
မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးလူထုလှုပ်ရှားမှု Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 01,2021
မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်၌   ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်ရေး  လူထုလှုပ်ရှားမှု အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို  ယနေ့နံနက်၈နာရီက   ဖက်တန်းရပ်ကွက်  သားငါးဈေးနှင့် ဈေးလမ်းတစ်လျှောက်ယာဉ်များ၊  လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက်  နှာခေါင်းစည်း (Mask) အခု ၁၀၀၀ အခမဲ့ ဖြန့်ဝေပေးသည်။