ကိုရိုနာဗိုင်းရပ် (စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောင်မဲခရိုင် မိုင်းငေါ့မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မိုင်းငေါ့မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူအောင် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ် (စ်)ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် မိုင်းငေါ့မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား လက်ကို စနစ်တကျ ဆေးကြောနိုင်ရေး အသိပညာပေးဆွေးနွေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရောဂါကူးဆက်မှု မရှိစေရန် အဖျားတိုင်းတာခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။