သတင်းများ

မင်းလှ၌ ကျောင်းထိုင်ဆရာတော် တစ်ပါးနှင့် ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းတစ်ဦးတို့တွင် ကို​ဗစ်ပိုးတွေ့ရှိ
Jul 02,2021
ပဲခူးတိုင်း​ဒေသ​ကြီး၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန်ကျေး ရွာစိတ္တသုခကျောင်းတိုက် ဆရာတော်သည် နေမကောင်းဖြစ်၍ အနံ့ပျောက်ဆုံးနေကြောင်း သတင်း ပေးပို့လာသဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က သွားရောက်စစ်ဆေးရာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီမိနစ် ၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်းစီ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိူးသားပိုက်ကျော်ခြင်းနှင့် ဖူဆယ် ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်၌ ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက် ရေး အစီအစဉ် (TSDP) အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိူးသားပိုက်ကျော်ခြင်း နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။
စလင်းမြို့နယ် ပေါက်ရင်းကုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစိမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါက်ရင်းကုန်းကျေးရွာအုပ်စုရှိ မိသားစုဝင်များအား မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစိးဌာနမှဝန်ထမ်းများက နိုင်ငံသားစိစစ် ရေးကတ်ပြားမ ရရှိသေးသည့် ပြည်သူလူထုများအား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန် အတွက် ယနေ့ နံနက် ၈ နာရီအချိန်က ပေါက်ရင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်တွင် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်သူ (၃၉) ဦး ဆေးရုံဆင်း‌ ခွင့်ရရှိ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာ‌ရေးဦးစီး ဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေး ကောင်းမွန်သူ(၃၉)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လှုံ့ဆော်မှုများဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦး​ဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလှုံ့ဆော်မှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်၍ လူစည်ကားရာ စည်ကားရာ စျေးရှေ့၊ ဘူတာရုံရှေ့၊ ကားဂိတ်များနှင့် မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်အတွင်းရှိ လမ်းမများ၌ ပြုလုပ်ခဲ့ သည်။
တမူးမြို့တွင် ပျိုးသက်နု ကောက်ကွက်ကျဲ စိုက်ပျိုးနည်းစနစ်ဖြင့် ပျိုးထောင်
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊မြို့မကွင်း အမှတ် ၂၅၅(B) ရှိ တောင်သူ ဦးစိုးနိုင် ၏ လယ်မြေတွင် ပျိုးသက်နုကောက်ကွက်ကျဲ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် ပျိုးထောင်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။