သတင်းများ

ဒလမြို့နယ်၌ ပြည်ပမှ ပြန်လာသူ ၇၈ဦး ကို Community based Facility Quarantine (၁၄)ရက် တာ စောင့်ကြပ်ကြည့်ရှု
Mar 31,2020
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၇၈ဦးကို Community based Facility Quarantine (၁၄)ရက် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး၊ ပြည်ပမှ ပြန်လာသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီသတင်းပို့ကြရန်၊ မှန်ကန်သောသတင်းအချက်အလက်များ ပေးပို့ကြရန် အကြောင်း ကြားထားပြီး စည်းကမ်းလိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။
COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကလောမြို့နယ်ရှိ သမိုင်းဝင် အထင်ကရ တန်ခိုးကြီးဘုရားများ ယာယီပိတ်ထားမည်
Mar 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် COVID-19 အဆုတ်ရောင် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများ ဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင်တည်ရှိသော ကလောနှီးဘုရား၊ အမှတ်(၁၀) ရပ်ကွက် တည်ရှိသော ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဥဏ္ဏလုံ မွေရှင်တော် သဘာဝလိုဏ်ဂူဘုရားတို့တွင် ခေတ္တယာယီပိတ်ထားကြောင်းသိရသည်။
ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၁၇၇)စုအား ဆန်များ အခမဲ့ ဖြန့်ဝေပေး
Mar 30,2020
ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ယနေ့ နံနက်ပိုင်းမှစ၍ မိုးလုံလေလုံ အားကစားခန်းမ၌ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (CRCDF) အဖွဲ့က ဆန်အခမဲ့ စတင်ဖြန့်ဝေခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ကြီးကြပ်စောင့်ကြည့်ရေး နေရာများ ကြိုတင် ပြင်ဆင်
Mar 30,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ပြည်သူများ ပါဝင်လာစေရန်အတွက် မြို့နယ်အတွင်း ရုံးဌာနများတွင် လက်ဆေးကန်များ ထားရှိခြင်း၊ လက်စနစ်တကျဆေးနည်း အသိပညာပေး ပိုစတာများ ကပ်ထားခြင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်​ရောဂါ အသိပညာပေး လုပ်ငန်းများကို နေ့စဉ်မပြတ် ရပ်ကွက်/ကျေးရွာအုပ်စု လမ်းများပေါ်တွင် ဆော်သြရေး ဆောင်ရွက်ပေးခြင်း၊ မြို့နယ် စည်ပင်သာယာ စျေးဆိုင်ခန်းများတွင် ပိုးသတ်ဆေးများ ပက်ဖြန်းခြင်း၊ လူစည်ကားသည့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်း မပြုလုပ်ပဲ နေအိမ်သို့ဝယ်ယူ သယ်ဆောင်စေခြင်း စသည့် အသိပညာပေးရေး လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး နေ့စဉ် စစ်ဆေးဆောင်ရွက်
Mar 30,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပူတာအိုမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်
Mar 30,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီကကြီးမှူး၍ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးဗီနိုင်းပို စတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၆)နာရီခွဲက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့ရှိ ဘူတာရုံနှင့် စောင့်ကြည့်လူနာများ ထားရှိရန်နေရာများကို သန့်ရှင်းရေး ဆောင်ရွက်ပြီး ပိုးသတ်ဆေးပက်ဖျန်း
Mar 30,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင် ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စောင့်ကြည့်လူနာများ ထားရှိ ရန် နေရာနှင့် ဘူတာရုံတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နမ့်ဆန်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်
Mar 30,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအဖြစ် မြို့ပေါ်(၃)ရပ်ကွက်တွင် ပိုးသတ်ဆေးရည်ဖျန်းခြင်း၊ ရေမြောင်းများ အမှိုက်ပုံများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။