သတင်းများ

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ
Jul 02,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူ များ ပိုမိုတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအချိန်က စာရေးဆရာ ကျော်ရင်မြင့် ရေးသားထားသည့် “ ရွှင်ပျော်ပျော် အောင်မြင်ရေးအိုင်ဒီယာများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” ဖြင့် ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားခန်းမတွင် ယမန်နေ့ ညနေပိုင်းက ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ် (TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စားသုံးဆီများတွင် မသန့်ရှင်းသော ဆီများရောနှောရောင်းချမှု မရှိစေရေး ရှောင်တခင် စစ်ဆေး
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံသော စားသောက်ကုန်များအား စားသောက်နိုင်ကြပြီး အန္တရာယ် ကင်းရှင်းစေရန်နှင့် စားသုံးဆီများတွင် မသန့်ရှင်းသော ဆီများရောနှောရောင်းချမှုမရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင် များအား ‌ ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပဲခူးမြို့ ကိုဗစ်-၁၉ သံသယရှိသူများ လက္ခဏာရှိသောသူများနှင့် အနံ့မရရှိသူများအား စစ်ဆေးဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ သံသယလက္ခဏာရှိသောသူများနှင့် အနံ့မရသောသူများ အား မြို့နယ်အတွင်းရှိ မင်္ဂလာမြန်မာ Hotel ၊ အမရာဂိုးလ် Hotel ၊ အသောက Quarantine Centre နှင့် သိရိဟံသာခန်းမတို့တွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 02,2021
ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မီးသတ်ဦးစီးဌာနက ကျုံသင်ကျေးရွာရှိ ကျုံသင်နယ်မြေ မီးသတ်စခန်းတွင် ၂၀၂၁-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jul 02,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် ယနေ့ နံနက်ပိုင်းက နှာခေါင်းစည်း Mask များ ဖြန့်ဝေပေး​ခြင်း၊ အပူချိန်တိုင်းတာပေးခဲ့ကြောင်း သိရသည်။
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သင်တန်းကျောင်းများ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ
Jul 02,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ သထုံ၊ မုဒုံနှင့် ရေး မြို့နယ်များမှ သင်တန်းကျောင်း လေးကျောင်းတို့တွင် ဇူလိုင်လ ၁ ရက်၊ နံနက်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။