သတင်းများ

နတ်မောက်မြို့နယ်အတွင်း အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၄၀၄) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jul 02,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား   (၁၄၀၄) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေမြင့်တက်၍ ကမ်းပါပြိုကျမှုဖြစ်နေသည့် လက်ပံဇင်ကျေးရွာရှိ လူနေအိမ်နှင့် နွားများအား ကျောက်ထုံးကြီးနယ်မြေမီးသတ်စခန်းမှ သွားရောက်ကူညီရွှေ့ပြောင်းပေး
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာမှ (၂)မိုင်ခန့်ဝေးသော လက်ပံဇင် ကျေးရွာ (ရေလယ်ကျွန်း)တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွား နေသည့်အတွက် ယနေ့ နံနက်(၇)နာရီအချိန်ခန့်က အဆိုပါကျေးရွာရှိ လူနေအိမ်တစ်လုံးနှင့် နွားများကို ရေဘေးလွတ်ရာသို့ သွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ
Jul 02,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မျိုးဗီဇပြောင်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး များ မြန်မာနိုင်ငံအတွင်း တွေ့ရှိနေရသဖြင့် ကြိုတင်ကာကွယ်နိုင် ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှခြင်းတို့အား ယနေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးနှင့် ရွှေတည် ဈေးသစ်တို့တွင် ပြည်သူများအား ဝေငှခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jul 02,2021
ပဲခူးတိုင်း​​ဒေသ​ကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ပန်း​တောင်းမြို့နယ်၊ ထုံးဘို အုပ်ချုပ် ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်များထားရှိ ဆောင်ရွက်
Jul 02,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေး အတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များထားရှိ ဆောင်ရွက်ခြင်းကို ယမန်နေ့မှစတင်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာများ ထားမည့်နေရာ ဆောင်ရွက်ထားရှိ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ (Positive) Isolation အဖြစ် အသုံးပြုရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း Community Based Facility Quarantine များ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Jul 02,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်း ကျေးရွာတွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရာ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွံ့ဖြိုးကြီးထွားလာကြောင်း မယ်ဘေ့ကုန်းကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊မုံရွာကွပ်ကဲမှုအောက်ရှိ သင်တန်း ကျောင်းများတွင် မိုးရာသီကာလ သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 02,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက် စစ်ကိုင်းတိုင်းဒေသ ကြီး ဦးစီးမှူးရုံး၊ မုံရွာနှင့်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်း သူများအား သစ်ပင်နှင့်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ဖော်ဆောင် ပေးရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာ၏ ကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်း များတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား များကို ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။