ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်သူ (၃၉) ဦး ဆေးရုံဆင်း‌ ခွင့်ရရှိ

မင်းလှ ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာ‌ရေးဦးစီး ဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေး ကောင်းမွန်သူ(၃၉)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။ 

မြို့နယ်ဆရာဝန်ကြီး ဒေါ်က်တာလှဝင်းနှင့် တာဝန်ရှိသူများက ကျန်းမာရေးကောင်းမွန်သူ (၄၀) ဦးကို ကျန်းမာရေးထောက်ခံချက် ဆေးလက် မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာနေထိုင်ရန်နှင့် ကျန်းမားရေး အသိပညာပေး စကားများပြောကြား‌ပေးခဲ့သည်။

အလားတူ ရောဂါပိုး စတင်ကူးစက်ခံရသူ အမျိုးသား(၁) ဦးမှာလည်း သာယာဝတီပြည်သူ့ဆေးရုံးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။ မင်းလှမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၂၉၈) ဦးရှိသူများအနက်မှ ဆေးရုံဆင်းခွင့်ရသူ(၇၂) ဦးရှိပြီး၊ ကျန်ရှိသော(၂၂၆) ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက်ရှိ ကြောင်း သိရသည်။

ပေါက်စ