၂၀၂၁ ခုနှစ် မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

 

ပဲခူး ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီမိနစ် ၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်းစီ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ (အဖွဲ့ဝင်-၄၊ တိုင်းဒေသကြီး စီမံအုပ်ချူပ်ရေးကောင်းစီ) မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီကို (၁၉.၅.၂၀၂၁) နေ့မှာ ပြန်လည်ဖွဲ့စည်းပြီး၊ ကော်မတီမှဦးဆောင်ပြီး ခရိုင်(၄)ခုနှင့် မြို့နယ် (၂၈)မြို့နယ် မှာ အသီးသီး ပြန်လည်ဖွဲ့စည်းထားပြီဖြစ်ကြောင်း ၃.၇.၁၉၉၆ နေ့ကိုမြန်မာ့ အမျိုးသမီးများနေ့အဖြစ် ကျင်းပခဲ့ပြီဖြစ်ကြောင်း၂၀၁၉ ခုနှစ်မှစပြီး ယခုနှစ်ဆို (၂၄) နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်မှစပြီး မြန်မာအမျိုးသမီးများနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့ပြီး၊ သစ်ပင်စိုက်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ထူးချွန်အမျိုးသမီး ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှစပြီး မြန်မာနိုင်ငံအမျိုးသမီးနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီရဲ့ ဦးဆောင်မှု့ဖြင့် ကျင်းပရန် ဗဟိုမှ ညွှန်ကြားမှုရှိသည့်အတွက် တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပပြီး တိုင်းအဆင့်အခမ်းအနားကို ၂၀၁၉ မှာ တစ်ကြိမ် ၂၀၂၁ မှာ တစ်ကြိမ် ပေါင်း (၂) ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ ဇူလိုင်လ(၃၀) ရက်နေ့မှာ နိုင်ငံတော်အဆင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားကို နေပြည်တော်မှာ Inperone နဲ့ Zoom Link နဲ့တစ်ဝက် ကျင်းပမှာဖြစ်ကြောင်း အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၃) (NSPAW) ကိုရေးဆွဲချမှတ် နိုင်ခဲ့ပြီး ဒီစီမံကိန်းဧရိယာ (၁၂)ရပ်နဲ့ ရေးဆွဲထားသည့်အတွက် အမျိုးသမီးထုတစ်ရပ်လုံး ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ အပြည့်အဝခံစားနိုင်ဖို့ အမျိုးသမီးတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ကျား၊မ ဘဝ တန်းတူညီမျှရေးနဲ့ ဘဝလုံခြုံမှု့တွေ အပြည့်အဝ ရရှိစေခဲ့ကြောင်း၊ ဆက်လက်ပြီး (NSPAW) Phape ii ကိုလည်း ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု့ တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၃ မှ စတင်ရေးဆွဲနိုင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ထွက်ရှိနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ UNCEDAW ကော်မတီရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှု့ပန်းတိုင်များ SDGs ကိုလည်း အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ အတွင်းရေးမှူး (ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး လူမှု့ဝန်ထမ်းရုံး) မှ အမျိုးသမီးများနှင့် ပတ်သက်၍ ဝန်ဆောင်မှု့ပေးနေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခြင်း အမျိုးသမီးများဘဝ အကြမ်းဖက်မှု့မှ ကာကွယ်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှုများ အကြောင်းကိုလည်ကောင်း တိုင်းဒေသကြီး အမျိုးသမီးကော်မတီအဖွဲ့ဝင် (မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ တိုင်းဥက္ကဋ္ဌမှ အသင်း၏ လုပ်ငန်းစဉ်များကိုလည်ကောင်း၊ တိုင်းကြက် ခြေနီအဖွဲ့၊( ဦးစီးမှူး-ဒုတိယတန်း ဒေါ်ဇင်မာနွယ်မှ ကိုဗစ်-၁၉ ကာလ အမျိုးသမီး ကြက်ခြေနီများ၏ လုပ်ဆောင်မှုများကိုလည်ကောင်း ပြောကြားရှင်းလင်းပြီး တက်ရောက် လာကြသူများကို မေတ္တာလက်ဆောင် ကံစမ်းမဲဖောက်ခြင်း  ဂုဏ်ပြုမှတ်တမ်းဓာတ်ပုံ ရိုက်ကူး ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးငြိမ်း