တမူး ဇူလိုင်၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊မြို့မကွင်း အမှတ် ၂၅၅(B) ရှိ တောင်သူ ဦးစိုးနိုင် ၏ လယ်မြေတွင် ပျိုးသက်နုကောက်ကွက်ကျဲ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် ပျိုးထောင်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ပျိုးထောင်ရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဆ နှင့် ဝန်ထမ်းများ၊တောင်သူများ တက်ရောက်ခဲ့ကြပြီး လယ်တစ်ဧကအတွက် မျိုးစပါး နို့ဆီဗူး ၁၀ ဗူးဖြင့် ပျိုးထောင်ခဲ့ကြသည်။
ပျိုးသက်နု ကောက်ကွက်ကျဲ စိုက်ပျိုးနည်း(SRI)စနစ်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် မည်သည့် စပါးမျိုးမဆို စိုက်ပျိုးနိုင်ပြီး ကျန်းမာသန်စွမ်းသော အပင်များဖြစ်ပေါ်စေသည့်အတွက် စပါး အထွက် နုန်းကောင်းမွန်စေပြီး ဤနည်းဖြင့် မြေ၊အရင်းနှီး၊လုပ်အားခနှင့်ရေတို့ အကန့်အသတ် ရှိသူများအတွက် အကျိုးအမြတ် အများဆုံးရရှိစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း တမူး မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါးရာသီမှာ ပျိုးသက်နု ကောက်ကွက်ကျဲ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခဲ့ရာ တစ်ဧက ပျမ်းမျှ (၁၂၀)တင်း ထွက်ရှိခဲ့ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှသိရှိရသည်။
ကျော်ကြီး