ဟင်္သာတမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိူးသားပိုက်ကျော်ခြင်းနှင့် ဖူဆယ် ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဟင်္သာတ   ဇူလိုင်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ် အားကစားခန်းမတွင်  ယနေ့နံနက်  ၉ နာရီအချိန်၌  ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက် ရေး အစီအစဉ်     (TSDP)  အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ ဖလား အမျိူးသားပိုက်ကျော်ခြင်း နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့       ဥက္ကဋ္ဌ      ဦးစန်းလွင်မှ အဖွင့်အမှာ စကား ပြောကြားပြီး စစ်ကြောင်းမှူး ဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ အားအားကစား သမားများမှ   အလေးပြုခြင်း နှင့်အားကစားသစ္စာဓိဋ္ဌာန်များရွတ်ဆိုကြပါသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌမှ မြို့နယ်ဖူဆယ်​ဘောလုံးဆပ်ကော်မတီနှင့် မြို့နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ကို တာဝန်ရှိသူများကအားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ အားကစားပြိုင်ပွဲများအား ဇူလိုင်လ(၂)ရက်နေ့မှ စတင်ကျင်းပမှာဖြစ်ရာ  ဖူဆယ်ဘောလုံးအသင်း  (၈)သင်း၊ ပိုက်ကျော်ခြင်း အသင်း(၁၂) သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အား ဇူလိုင်လ (၄)ရက်နေ့တွင်  ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း  သိရသည်။

အခမ်းအနားသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌဦးစန်းလွင်နှင့်   အဖွဲ့ဝင်များ၊ မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနမှ    မြို့နယ်အားကစားမှူး   ဦးကျော်သန်း နှင့် တာဝန်ရှိသူများ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်အားကစားဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အားကစား သမားများ  တတ်ရောက်ခဲ့ကြသည်။

 ကိုဇော်