Stay at home အစီအစဉ်တွင် အကျုံးဝင်သည့် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်နေပြည်သူများအား မွှန်လွကျေးရွာမှ တောင်ယာထွက်သီးနှံများ လှူဒါန်းပေး

ရိခေါ်ဒါရ် ဇူလိုင် ၇

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများပြားပြီး Stay at Home အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူအဖွဲ့နှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer များပူးပေါင်းပြီး ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူမရှိစေရေး ကြပ်မတ်ကန့်သတ်ခြင်းကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ရပ်ကွက်အစီအစဉ်ဖြင့် Semi Lockdown ချထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာခြင်းကြောင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ (ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှအပ) ခေတ္တပိတ်သိမ်းထားပြီး ရပ်ကွက်နေပြည်သူများ စားနပ်ရိက္ခာမပြတ်လပ်စေရေးအတွက် ရိခေါ်ဒါရ် မြို့အနီးရှိ မွှန်လွကျေးရွာနေ ပြည်သူများမှ ၎င်းတို့၏ ခြံထွက်ဟင်းသီးဟင်းရွက်၊ တောင်ယာ ထွက်သီးနှံများကို လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဟင်းသီးဟင်းရွက်များကို ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်နေပြည်သူများအား ရပ်ကွက်လူငယ်အဖွဲ့အစည်းမှ အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)