မတ္တရာ ဇူလိုင် ၇
မတ္တရာမြို့နယ်၌ ရောဂါပိုးရှိသူများနှင့် ထိစပ်သူ များ၊အနံ့ပျောက်နေသူများနှင့် နေရပ်ပြန်လာသူများ စုစုပေါင်း ၉၀ ဦးအား ယနေ့ နံနက် ၇နာရီက မတ္တရာပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာ အမှတ် ၂ ရပ်ကွက်မှ အမျိုးသမီး ၅ ဦး ၊ အမျိုးသား ၂ ဦး ၊ ပန်းယျကျေးရွာမှ အမျိုးသား(၂)၊အမျိုးသမီး ၁ ဦး၊ လှိုင်ကျွန်းကျေးရွာမှ အမျိုးသမီး ၁ဦးနှင့် ရဲစခန်းမှ အမျိုးသား (၁)ဦး တို့တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာများအား မတ္တရာပြည်သူ့ ဆေးရုံနှင့်မြို့နယ်အားကစားရုံတွင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှုဖြင့်ထားရှိကုသ ပေးသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိစပ်သူများကို အသွားအလာကန့်သတ်ထားရှိရေးဆောင်ရွက်သွားမည်ဖြစ်သည်။ ယနေ့အထိ မတ္တရာမြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၇ဝ ဦး ရှိပြီဖြစ် ကြောင်းသိရပါသည်။
စိုးကျော်သူထွေး (မတ္တရာ)