ကျိုက်ဒုံ ဇူလိုင် ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဒေသတွင်နေထိုင်သည့်ပြည်သူများ ကိုဗစ် - ၁၉ ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရန် အသံချဲ့စက်ဖြင့် မြို့အတွင်း၌ လှည့်လည်ပြီး အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အသိပညာပေးကြေညာချက်များဆောင်ရွက်ရာမှာ ဒေသတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်အပြင်မထွက်ရန်နှင့် အိမ်အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျတပ် အသုံးပြုရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံခံရပါက မျက်နှာအကာ (Face Shield)ကိုပါ Mask နှင့် တွဲဖက်တပ်ဆင်အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ရန်၊ လူစုလူဝေးရှောင်ရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောရန်စသည့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ