ကွမ်းခြံကုန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့

 

ကွမ်းခြံကုန်း ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အား ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် တောကျောင်းကျေးရွာအုပ်စု ကော့ခနိမ့်ကျေးရွာအတွင်း မြစိမ်းရောင်စီမံ ကိန်းချေးငွေ (၄၇၄၁၀၀၀၀) ကျပ်အား အသင်းသား (၁၂၀ ) ဦးကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချေးပေးရာ  ၎င်းတို့၏ချေးငွေဖြင့် အသင်းသား (၁၂၀) ဦးက   စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းများ    လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန     မြို့နယ်ဦးစီးမှူး ဦးလှိုင်အေးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။