မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်း ကျောင်း (မင်းရပ်)တွင် ကျောင်းဆောင်သစ် ဆောက်လုပ်

မိတ္ထီလာ၊ ဇူလိုင် ၇
 
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာမူလတန်း ကျောင်း (မင်းရပ်)တွင် ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်မိတ္ထီလာ မြို့နယ်အတွင်း ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာ သင်ယူရာတွင် ကျောင်းဆောင်လိုအပ်ချက်မရှိစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျောင်းဆောင် သစ်များကို တို့ချဲ့ဆောက်လုပ်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့ စျေးအရှေ့ပြင် ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း(မင်းရပ်)၌ ပြည်ထောင်စုရန်ပုံငွေ ကျပ် (၁၂၇.၇၆၄) သန်းဖြင့် အလျား ပေ ၉၀ ၊ အနံ ပေ ၃၀ ရှိ RCC နှစ်ထပ်ကျောင်းဆောင်ကို နိုဘယ်ချမ်းမြေ့ကုမ္ပဏီက တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျောင်း(၁၈)ကျောင်း နှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောင်း(၅)ကျောင်း တို့ကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူ၍ ဇန်နဝါရီလ တတိယပတ်မှ စတင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။