ကျုံပျော်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ပြုလုပ်သော အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ကျုံပျော် ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမအတွင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆိုကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းက အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် အကောင်း ဆုံး ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြားသည်။အားကစားပြိုင်ပွဲတွင် အားကစားနည်း (၂)မျိုး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ဖူဆယ်အားကစားပြိုင်ပွဲ၌ အသင်းပေါင်း(၁၀)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကာ၊ ကြက်တောင်အားကစားပြိုင်ပွဲ၌ အသင်းပေါင်း(၈)သင်း ပါဝင်ယှဉ်ပြိုင် မည်ဖြစ် ကြောင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ အားကစားသမားများသာမက၊ ရေကြည်မြို့နှင့် ငါးသိုင်းချောင်း မြို့များမှ အားကစားသမားများပါ လာရောက်ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)