ကျောင်းကုန်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ဝင်ထွက်သွားလာမှုများကို စစ်ဆေးရေးဂိတ်များက စိစစ်ကြီးကြပ်နေကြောင်း၊ ပုသိမ်ခရိုင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူဦးရေ၊ သေဆုံးသူဦးရေ မြို့နယ်အလိုက် စာရင်းပြုစုပေးနေရသဖြင့် သေသေချာချာ စာရင်းပြုလုပ် ထားဖို့လိုကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင် ဦးတင်မောင် က အလှူငွေရှာဖွေရေး အရေးကြီးပါ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင် က ကျောင်းကုန်းမြို့နယ် တွင် ပထမလှိုင်းမှာ (၁၃)ဦး၊ ဒုတိယလှိုင်းမှာ(၆၄) ဦးနှင့် ယခုတတိယလှိုင်းမှာ (၈၈)ဦး တွေ့ရှိပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဝိုင်းဝန်း ထိန်းချုပ်ကြဖို့ လိုကြောင်း ပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာ သူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၈၈)ဦး ရှိပြီး၊ ဆေးရုံဆင်း ခွင့် ရရှိ သူ(၃၂)ဦး ရှိပြီဖြစ်ရာ ချောင်ကြီးတိုက်နယ်ဆေးရုံတွင် (၄၅)ဦး၊ လှည်းဆိပ် ရဲကင်းစခန်းဝန်ထမ်း အိမ်ယာ၌(၁၁)ဦး၊ စုစုပေါင်း(၅၆)ဦး အား စောင့်ကြည့်ကုသပေးလျက်ရှိပြီး၊ အားလုံးကျန်းမာရေးကောင်းမွန်
လျှက်ရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်