မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားပြည်သူများ သိ​ရှိစေရန် အသိ​ပေး​ကြေညာဆိုင်းဘုတ်များ စိုက်ထူ

 

မင်္ဂလာဒုံ  ဇူလိုင်    ၇

ရန်ကုန်တိုင်း​ဒေသကြီး​၊​ ကိုဗစ်​-၁၉ ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီမှ ကိုဗစ်​-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် ခရီးသွားပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးဆိုင်းဘုတ်များကို ယ​နေ့ နံနက် ၉ နာရီက စိုက်ထူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသိပေးကြေညာချက်များပါဝင်သည့် ဆိုင်းဘုတ်များကို မြို့ဝင်/မြို့ထွက်ဂိတ်များ၊ ရန်ကုန်တိုင်းအတွင်းသို့ ဝင်​ရောက်လာ​သည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာ​သော ခရီးသွားပြည်သူများ လိုက်နာ​ဆောင်ရွက်နိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ်​တွင် အောင်မင်္ဂလာယာဉ်ရပ်နား စခန်းဝန်း၊​ ထောက်ကြန့်တိုးဂိတ်နှင့်  ရတနာ​စျေးတို့တွင် ပြည်သူများသိ​ရှိနိုင်စေရန် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ အသိ​ပေး​ကြေညာချက်များတွင် ပြည်နယ်များမှ ခရီးသွားပြည်သူများဝင်​ရောက်လာပါက အများပြည်သူအကျိုးကို​ရှေးရှု၍ ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ကိုယ်ပူချိန် တိုင်းခြင်း လုပ်ငန်းလမ်းညွှန်ချက်အတိုင်း​ ဆောင်ရွက်ပြီး အပူချိန်မြင့်တက်နေ၍၊ သံသယလက္ခဏာများ​တွေ့ရှိပါက လက်​ချောင်းထိပ်တွင် Pulse Oximeters ဖြင့်​ သွေးတွင် အောက်စီဂျင (Sp O2) တိုင်းတာခြင်းအား​ ဆောင်ရွက်ပြီး (Sp O2)  (92) အောက်ရှိ​သော ခရီးသွားများအား​ ခေတ္တနား​စေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင်​ သွေးတွင်​အောက်စီဂျင ်(92) အောက်ရှိပါက RDT ဖြင့် စစ်​ဆေး​ဆောင်ရွက်မည်ဖြစ်ပြီး​ ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်မှ​ ပေး​ဆောင်ရ မည်တို့ပါရှိကြောင်း သိရသည်။

မျိုးသန့်