မုံရွာမြို့၊ သမိုင်းဝင်ရွှေစည်းခုံစေတီတော်မြတ်ကြီး (၃၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ကြမည့် ဆရာတော်၊ သံဃာတော်များအား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် ယင်းမာပင်မြို့၊ စပါးမျိုးသန့်စင်စက်ရုံန

မုံရွာ ဇူလိုင်  ၇

 

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ဖူးမျှော် ကြည်ညိုပြီး သမိုင်းဝင် ရွှေစည်းခုံ စေတီတော်မြတ်ကြီး (၃၉) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ် ကြမည့် ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်ခဲ့ကြသည်။

 

 တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် ဇူလိုင် လ(၇)ရက်နေ့၊ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း ကျင်းပသော စပါးမျိုး သန့်စင်စက်ရုံနှင့် ဝါမျိုးသန့်ကြိတ်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးမှ စပါးမျိုးသန့်စင်စက်ရုံနှင့် ဝါမျိုးသန့်ကြိတ်စက်ရုံ ဖွင့်လှစ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ စပါးမျိုးသန့်စင်စက်ရုံနှင့် ဝါမျိုးသန့် ကြိတ်စက် ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စပါးမျိုးသန့်စင်စက်နှင့် ဝါမျိုးသန့်စက် လက်တွေ့လည်ပတ်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် ယင်းမာပင်မြို့နယ်မှ ဌာနဆိုင်ရာများ၊ စပါးနှင့်ဝါမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က အမှာ စကားပြောကြားပြီး ယင်းမာပင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ယင်းမာပင်ခရိုင်အတွင်း မိုးသီးနှံနှင့် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထားရှိမှုအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ သီးနှံကာကွယ်ရေး တာဝန်ခံမှ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး နည်းလမ်းများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေး တာဝန်ခံမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် Mask များအား တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်ကာ သီးနှံမျိုးစေ့များနှင့် ချွေလှေ့စက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် ယင်းမာပင်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင်တက်ရောက်သင်ကြားလျှက်ရှိသော သင်တန်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးပြီး ထောက်ပံ့ငွေများပေးအပ်ကာ  သင်တန်းကျောင်းခန်းမတွင် ယင်းမာပင် ခရိုင် အတွင်းရှိ မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က စီမံအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မိမိတို့မြို့နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် လတ်တလောဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အား အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ဦးတင်သန်းဝင်း တို့က ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

 

ယင်းနောက် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ယင်းမာပင်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)